ဝက်ခြံကို ဘယ်လိုကုသမလဲ ?
ဝက်ခြံဟာ အလွန်အဖြစ်များတဲ့ အရေပြားပြဿနာတစ်ခု ဖြစ်ပါတယ်။ မျက်နှာပေါ်မှာ ပေါက်လေ့ရှိပြီး ရုပ်ရည်သွင်ပြင်ကို ထိခိုက်စေနိုင်တဲ့အတွက် ဝက်ခြံပေါက်လာပြီဆိုရင် အမြန်ဆုံးပျောက်ချင်ကြတာ သဘာဝပါပဲ။ ဝက်ခြံကို ဘယ်လိုထိထိရောက်ရောက် ကုသရမလဲဆိုတာနဲ့ ပတ်သက်ပြီး သိသင့်တဲ့ အခြေခံအကြောင်းအရာတွေကို ဒီဆောင်းပါးမှာ ဖော်ပြသွားမှာ ဖြစ်ပါတယ်။ ကုသမှု၏ ရည်ရွယ်ချက်များ ဝက်ခြံကုသခြင်းရဲ့ အဓိကရည်ရွယ်ချက်တွေကတော့ အနာကျက်ဖို့၊ ဝက်ခြံဖု အသစ်ထပ်မထွက်ဖို့၊ အမာရွတ်မထင်ဖို့နဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာများ အတတ်နိုင်ဆုံး လျော့နည်းစေဖို့ပဲ ဖြစ်ပါတယ်။ အပျော့စား ဝက်ခြံပြဿနာကို ဘယ်လိုကုသရမလဲ အပျော့စား ဝက်ခြံပြဿနာဆိုတာ ဆားဝက်ခြံ၊ အမည်းစက်တွေနဲ့ အသေးစား ဝက်ခြံဖုများထွက်ခြင်းကို ခေါ်တာဖြစ်ပါတယ်။ ဒီပြဿနာဖြစ်လာရင် အရေပြားကို ရေနွေး၊ အပျော့စား သန့်စင်ဆေးတွေနဲ့ ဆေးကြောသန့်စင်ပေးရမှာ ဖြစ်ပါတယ်။ သင့်မှာဖြစ်နေတဲ့ အခြေအနေကိုလိုက်ပြီး ဆေးဆိုင်မှာ အလွယ်တကူ ဝယ်ယူနိုင်တဲ့ဆေးတွေ ဒါမှမဟုတ် ဆရာဝန်ညွှန်ကြားတဲ့ဆေးတွေ အသုံးပြုဖို့ လိုမှာဖြစ်ပါတယ်။ ၎င်းဆေးဝါးတွေကို ဝက်ခြံထွက်တဲ့နေရာတဝိုက် လိမ်းပေးရမှာ ဖြစ်ပါတယ်။ ad : ဝက်ခြံပျောက်ဆေး MIKADO Anti-ACNE GE